DAY TRADING လုပ်ရင် ဘာကြောင့် မြတ်ဖို့ ခက်တာလဲ?
ကျွန်တော်တို့ Trading လုပ်တဲ့အခါမှာ ကိုယ်က ကိုယ့်ရဲ့ Trade Setup ပေါ်လို့ Trade တာလား၊ ဒါမှမဟုတ် ကိုယ်က Setup ကို မပေါ်ပေါ်အောင် ဖန်တီးပြီးတော့ Order တွေ ဝင်မိနေတာလားဆိုတာကို ခဏခဏ သေချာပေါက် မေးခွန်းမေးရလိမ့်မယ်။
ကျွန်တော်တို့ Trader ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတယ်။ အဲ့လိုပဲ အခု Video ကြည့်နေတဲ့ Trader တွေလည်း ကျွန်တော်တို့ကနေ Buy/Sell ကိုယ်က Order ဝင်ချင်တယ်။ တစ်နေကုန် အားနေတာကို ဝင်ချင်တယ်။ ဝင်တဲ့အခါမှာ ဘယ်မှာဝယ်ရမလဲ ဘယ်မှာရောင်းရမလဲဆိုပြီး ကျွန်တော်တို့ ရှာတဲ့အခါမှာ တကယ်လည်း Order ဝင်မိတယ်။ ဝင်တဲ့အခါမှာ ကိုယ်က တကယ်ကို ကိုယ့်ရဲ့ Trade Strategy ကိုယ့်ရဲ့ Setup တွေနဲ့ တကယ် ကိုက်ညီလို့ Order ဝင်တာထက် လက်ရှိ ရှိနေတဲ့ Current Market မှာ ပေါ့လေ၊ Order မဝင်ဝင်လို့ရအောင် ဆိုပြီးတော့ Setup တွေကို မရှိရှိအောင် ဖန်တီးပြီးတော့ Trade နေတာက ပိုပြီးတော့ များလိမ့်မယ်။ ဒါကို ကိုယ့်ကိုယ်ကိုယ် သတိမထားမိတာ ဖြစ်လိမ့်မယ်။ ပြန်စဉ်းစားကြည့်နော်။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတယ်။ ကိုယ်က Order Setup မတွေ့သေးဘူး ထားပါတော့ Buy ရမလား Sell ရမလား ကျွန်တော်က မသိဘူး။ အဲ့အချိန်မှာ ဖြစ်ချင်တော့ တခြားသော Trader တွေ ဒါမှမဟုတ် တခြားသော Group တွေမှာပဲဖြစ်ဖြစ် ဈေးကျသွားတဲ့အခါမှာ သူတို့က အမြတ်သွားတယ်။ ဒါမှမဟုတ်လည်း ဈေးရုတ်တရက်တက်သွားတယ်။ တက်သွားတဲ့အခါမှာ အမြတ်သွားတယ်။ မြတ်သွားတဲ့ Post ကို ကျွန်တော်တို့ Online မှာပဲဖြစ်ဖြစ် Social Media မှာပဲဖြစ်ဖြစ် တင်ကြတယ်။ အဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတယ်။ ဟာ သူတို့က Order ရတာ ငါက ဘာကြောင့်မို့လို့ မရတာလဲ။ ငါကများ ပျင်းနေလို့လား။ ဒါမှမဟုတ် ဒီ Setup ကို ငါက မတွေ့ရတာလား ဆိုပြီးတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ အပြစ်တင်တာလေး ရှိတယ်။
သူတို့လိုမျိုး Order ဝင်နိုင်အောင် ဆိုပြီးတော့ ကျွန်တော်က ဘာထလုပ်လဲဆိုရင် Setup တွေကို အသစ်တွေ ရှာတယ်။ ကိုယ်မသိတဲ့ နည်းပညာတွေကို ပြန်ပြီး လေ့လာလေ့ရှိတယ်။ ဥပမာ ဆိုပါစို့။ Online မှာ ခုနက ဈေးတက်သွားတဲ့ အပေါ်မှာ အမြတ်ရသွားတဲ့ Trader တစ်ယောက်က တင်ထားတယ်။ ဟာ သူ Recap ပြန်လုပ်ပြတယ်ပေါ့ ဒါက ကျွန်တော်တို့ RSI ဘယ်လောက်ကြောင့်မို့လို့ ဒါမှမဟုတ်လည်း Liquidity က ဘယ်နားမှာ Sweep သွားလို့ ဒါမှမဟုတ်လည်း Trend က ဘယ်လိုချိုးသွားလို့ စသဖြင့် သူတို့ရဲ့အမြင် သူတို့ရဲ့ ရှုထောင့်ကနေပဲ Analysis လုပ်ပေးထားတာကို တွေ့လိမ့်မယ်။ အဲ့တော့ ဟာ ဒါဆိုရင် ငါလည်း သူ့လိုမျိုး Order ဝင်လို့ရအောင် သင်ဦးမှပဲဆိုပြီး ကိုယ်နဲ့ မသက်ဆိုင်တဲ့ နည်းပညာတွေကို ဝင်ပြီးတော့ လေ့လာတာမျိုးတွေ လုပ်မိတယ်။
အဲ့တော့ ဘာဖြစ်လဲဆိုတော့ ကိုယ့်မှာ ပညာတွေ စုံသွားတယ်။ စုံသွားတဲ့အခါမှာ ကျွန်တော်က Current Market မှာ ဘာဖြစ်လဲဆိုရင် အခုချက်ချင်း Chart ကောက်ကြည့်တာနဲ့ Buy ရမလား Sell ရမလား ဆိုပြီးတော့ အခြေအနေကို သိသွားတဲ့ အနေအထား ဖြစ်သွားတယ်။ ဒါက အရမ်းကြီးမားတဲ့ ပြဿနာ။ အစက ပြောခဲ့တဲ့ ခေါင်းစဉ်နဲ့ အတူတူပဲ။ ကိုယ်က ကိုယ့်ရဲ့ Trade Setup နဲ့ ပေါ်လို့ Trade တာမျိုး မဟုတ်ဘဲနဲ့ Current Market မှာ Trade Setup မဖြစ်ဖြစ်အောင် ရှာတဲ့ဟာက ဖြစ်လာတယ်။
အဲ့အခါမှာ ဘာတွေဖြစ်လာလဲဆိုရင် ကျွန်တော်တို့တွေ Full-time Trader ဆိုပြီးတော့ မနက်မိုးလင်းတာနဲ့ ဈေးကွက်ကို ကြည့်တယ်။ ဝယ်ရမလား ရောင်းရမလား စဉ်းစားတယ်။ တစ်နေကုန် ဒါနဲ့ပဲ ကျွန်တော်တို့က ဘာလုပ်နေလဲဆိုတော့ လည်ပတ်နေတယ်။ တကယ်တော့ Monday to Friday တစ်ပတ်လုံး ချုံကြည့်တဲ့အခါမှာ ရေရေရာရာ အမြတ်တာမျိုး မရှိဘဲနဲ့ အရှုံးနဲ့ ကြုံရတာမျိုးတွေ ရှိတယ်။
ဥပမာ ဗျာ ကျွန်တော် Example တစ်ခုနဲ့ ပြောပြမယ်။ ဒါ ကျွန်တော့် လက်တွေ့ပေါ့။ ကျွန်တော်က ဥပမာ ဈေးတန်းတစ်ခုမှာ Pip 1000 ကို ကျွန်တော်က Target ထားပြီးတော့ ကျွန်တော် Order ဝင်တယ်။ ဒီတစ်ပတ်တော့ ငါဒီလောက်ဝယ်ထားမယ်၊ ပေါ်မှာ အမြတ်ရမယ်ဆိုပြီး ကျွန်တော်က Take Profit ကို ထားလိုက်တယ်။ ဒါပေမဲ့ လက်တွေ့မှာ တခြား Trader တွေက အဲ့လိုမဟုတ်ဘူး။ ဒါ ကျွန်တော့်ရဲ့ Order က ၅ ရက်ကြာရင်လည်း ကြာမယ်၊ ၄ ရက်ကြာရင်လည်း ကြာမယ်၊ တစ်ခါတလေ တစ်ပတ်ကြာရင်လည်း ကြာမယ်ပေါ့ဗျာ။
ဒါပေမဲ့ တခြား Trader တွေက အဲ့လိုမဟုတ်ဘူး။ ဒီ Current Market မှာပဲ သူဝယ်တယ်။ ပြီးရင် ဈေးနည်းနည်း ပြန်ကျတယ်။ အဲ့ကျသွားတဲ့နေရာမှာ သူက အရောင်း Order ဝင်ချင်တာ။ ဈေးတက်မှာလည်း မြတ်ချင်တယ်။ ဈေးအကျမှာလည်း မြတ်ချင်တယ်။ အဲ့တော့ ကိုယ်မ Trade ဘဲ ထိုင်နေရင်လည်း သူများက Trade လို့ Order တွေ ကောက်တင်လို့ရှိရင်လည်း ကိုယ်က ဝင်ပါချင်တယ်။ ဝယ်လိုက်ရောင်းလိုက် ဝယ်လိုက်ရောင်းလိုက်နဲ့ ဒီလို တစ်ပတ်တာ အချိန်ကုန်သွားတယ်။
တစ်ပတ်လုံးနေနေရ ၅ ရက်လုံးမှာ ကျွန်တော်က TP Pip 1000 ကျွန်တော်က ထိသွားပါပြီ ဆိုကြပါစို့။ ဒါပေမဲ့ အဲ့ဒီ Trader က ဘာဖြစ်နေလဲဆိုတော့ ဝယ်လိုက်ရောင်းလိုက် ဝယ်လိုက်ရောင်းလိုက်နဲ့ နောက်ဆုံးမှာ ဈေးကွက်သာ ပိတ်သွားတယ်။ သူ့မှာ ရေရေရာရာ အမြတ်ဆိုတာမျိုး မရှိတော့ဘူး။
[9/16/2026 2:00 PM] Carl Saxx: ဒါဟာ ဘာကြောင့်လဲဆိုရင် ကိုယ့်မှာ Strategy တွေ များနေတယ်။ Setup တွေ များနေတယ်။ မပေါ်ပေါ်အောင် ဒီလက်ရှိ Current Price မှာ မရှိရှိတဲ့ Signal တွေကို ရအောင်ရှာနေတာက ကျွန်တော်တို့ရဲ့ ပြဿနာ။ အဲ့ပြဿနာက ဘယ်ကစလဲ ခုနက ကျွန်တော်ပြောခဲ့သလိုပဲ။ ကိုယ်မ Trade ဘဲ ထိုင်နေလို့ရှိရင် သူများတွေက Trade ပြီးတော့ Signal တွေတင်တယ်။ ဒါမှမဟုတ် သူတို့ အမြတ်ရသွားတဲ့အကြောင်း Recap တွေ လုပ်ပြတယ်။
ကျွန်တော်ပြောပြမယ်၊ ကျွန်တော်တို့ရဲ့ သမိုင်းဆိုတာက အောင်နိုင်သူတွေပဲ ရေးထိုးတာ။ သူ့ရဲ့ သဘောတရားကဗျာ၊ ခင်ဗျား Market ပေါ်မှာ TP ထိသွားတယ်ဆိုရင်တောင် မြတ်တဲ့သူတွေကပဲ ပြောကြတာ။ မြတ်လို့ Recap လုပ်တာထက် ရှုံးလို့ Recap လုပ်တာက အတော်လေး နည်းတယ်။ ဆိုတော့ ဒါကို သိထားရမယ်။ ဒါကို ကိုယ်က မသိဘဲနဲ့ သူများကလည်း ဟာ ဒီလူတွေ အရမ်းတော်တာပဲ၊ သူတို့လုပ်သလို ငါတို့မြတ်ချင်လိုက်တာ ဆိုပြီးတော့ မထင်နဲ့။ ခဏ Trade လို့ မြတ်နေတဲ့အချိန်မှာ အဲ့လူတွေ ရှုံးရင်လည်း ရှုံးနေနိုင်တယ်။ ဒါကို ခင်ဗျား သိထားဖို့ လိုအပ်တယ်။
ဆိုတော့ ခင်ဗျား သေချာပေါက် ဒီ Trading ကို လုပ်လာပြီဆိုတဲ့အခါမှာ မေးထားရမှာက ခုနက ပြောသလိုပဲ၊ ကိုယ်က Setup ပေါ်လို့ Trade တာလား၊ ဒါမှမဟုတ် Setup ကို မပေါ်ပေါ်အောင် လုပ်ပြီး Trade နေတာလား ဆိုတာ သိဖို့လိုအပ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကိုယ့်ရဲ့ Trading Skill တွေကို အရမ်းကြီး Improve ဖြစ်အောင် လုပ်နေတာကလည်း အန္တရာယ် အရမ်းကြီးတယ်။ ထားပါတော့ ကိုယ်က Price Action နဲ့ Trade တယ်၊ သူများက Liquidity နဲ့ Trade တယ်၊ တချို့က Indicator နဲ့ Trade တယ်၊ စသဖြင့် သူတို့ Trade တဲ့ဟာတွေကို လိုက်ပြီးတော့ အကုန်လုံး လိုက်ပြီး လေ့လာတာက ကျွန်တော်တို့ ပြန်ပြီးတော့ ဘာဖြစ်စေလဲဆိုရင် ဒုက္ခကြီးကြီးမားမား ဖြစ်စေနိုင်တယ်။
ဆက်စပ် အကြောင်းအရာများ
ဆက်စပ်သော စာမျက်နှာများကို ဆက်လက်ဖတ်ရှုပါ။