Leverage များခြင်းရဲ့ အားသာချက်၊ အားနည်း ချက်
ကျွန်တော်တို Service ပေးနေတဲ့ Forex Broker တွေမှာ ပေးထားတဲ့ Leverage တွေက များတယ်ဗျာ။ ဥပမာ 1:1000, 2000 ဆိုပြီး ပေးထားတယ်။ တချို International Broker တွေမှာဆို 1:5000 ဆိုပြီး ၅၀၀၀ အထိ ပေးထားတာမျိုးတွေ ရှိတယ်ပေါ့။ ဒါတွေက Forex Broker တွေမှာ ကြည့်မယ်ဆိုရင် Trader တွေအတွက်က ထွေထွေထူးထူး ကြီးကြီးမားမား အန္တရာယ်မရှိဘူး။ ကောင်းကျိုးများတယ်ပေါ့။ ဒါပေမဲ့ ဒီအခါမှာ ကျွန်တော် ကောင်းကျိုးရော၊ ဆိုးကျိုးရော နှစ်ခုလုံး ပြောပြပေးမယ်။
ကောင်းကျိုးကတော့ ရှင်းတယ်ဗျာ။ ကျွန်တော်တို ပိုက်ဆံမတတ်နိုင်တဲ့ Trader တွေ၊ ပိုက်ဆံအများကြီးမရှိတဲ့ Trader တွေအနေနဲ့ Leverage များတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Practice ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ Trade Order ကိုပဲဖြစ်ဖြစ် ငွေနည်းနည်းလေးနဲ့ Order များများ ကျွန်တော်တိုက ဝင်လို Trade လိုရတဲ့ ကောင်းတဲ့ဘက်က သုံးရင် အားသာချက်ရှိတယ်။
ဆိုးကျိုးဆိုတာ ရှိတယ်။ ဆိုးကျိုးက ဘယ်လိုနေရာမှာ ရှိလဲဆိုတော့ ကျွန်တော်တို Leverage များနေတာဖြစ်တဲ့အတွက် Order များများ ဝင်လိုရတယ်။ အဲ့အခါမှာ Beginner တွေပဲဖြစ်ဖြစ် ကျွန်တော်တို လူတွေရဲ့ FOMO အရ ဘာဖြစ်တတ်လဲဆိုရင် လောဘတွေကြောင့် ကိုယ်က ပိုက်ဆံများများ ရချင်တဲ့စိတ်အတွက် ကျွန်တော်တို အကောင့်က နည်းနည်းလေးနဲ့ အကောင့်နဲ့ မညီမျှတဲ့ Lot Size တွေ ဝင်မိတယ်။
ဥပမာ ဒေါ်လာ ၁၀၀ အကောင့် ဖွင့်ထားပြီးတော့ ဒေါ်လာ ၁၀၀ အကောင့်မှာ Lot Size ကို 0.05 တွေကို အများကြီး ဝင်မိတာမျိုးတွေ ဖြစ်နိုင်တယ်။ ဝင်လိုရတာ ဖြစ်တဲ့အတွက် ဝင်မိတယ်။ အဲ့အခါမှာ ကိုယ့်ရဲ့ အကောင့်က ချက်ချင်းကြီး Grow ဖြစ်သွားနိုင်သလို ချက်ချင်းကြီးလည်း ဆုံးရှုးသွားနိုင်တယ်ပေါ့လေ။ ဆိုတော့ ဒီဟာက အကြီးမားဆုံး အန္တရာယ်ပဲဗျာ။
Leverage များတာက ကောင်းတယ်ဆိုပေမဲ့ အားသာချက်ဆိုပေမဲ့လည်း ကိုယ့်ရဲ့ လောဘကြောင့် အဲ့ဒီ Leverage တွေ ကိုယ့်အတွက် အန္တရာယ် ရှိစေနိုင်တာကိုလည်း ထည့်ပြီးတော့ တွက်ရမှာပေါ့။ Leverage ကို ကောင်းတဲ့နေရာမှာ သုံးချင်လိုရှိရင်တော့ ကိုယ့်ရဲ့ Practice အတွက် ဒေါ်လာ အကောင့်သေးတဲ့ဟာကို များများ Trade Order ဝင်ပြီး လေ့ကျင့်လိုရမယ်။ အန္တရာယ်ကတော့ လောဘကြီးရင်တော့ အများကြီး Order ဝင်မိရင်တော့ ဆုံးရှုးမှု ကြီးကြီးမားမား ဖြစ်နိုင်မှာ ဖြစ်ပါတယ်။
ဆက်စပ် အကြောင်းအရာများ
ဆက်စပ်သော စာမျက်နှာများကို ဆက်လက်ဖတ်ရှုပါ။